သိပြီးသားလူတွေကကျော်သွားပါလို့ပြောရင်း တောင်းထားတဲ့လူတစ်ယောက်အတွက်တင်ပေးရင် ကျန်တဲ့မသိသေးတဲ့လူတွေအတွက်ပါတစ်ခါတည်းတင်ပေးလိုက်ပါတယ် Computer တွေမှာ ပစ္စည်းတစ်ခုခုနဲ့ချိတ်ဆက်အသုံးပြုရာမှာ အဲပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ Driver ထည့်ပေးရပါတယ်
မဟုတ်ရင် ချိတ်ဆက်လိုက်တဲ့ပစ္စည်းကအလုပ်မလုပ်ပါဘူး အဲဒီအတွက် Driver Software တွေကိုအရင်
install လုပ်ပေးရပါတယ် Driver software သုံးပြီး install လုပ်နည်းရှိသလို Driver ကို Device Manager ကနေ install လုပ်နည်းလဲရှိပါတယ် ရိုးရိုး Driver install လုပ်နည်းက install လုပ်လိုက်တာနဲ့ရပြီဖြစ်လို့မရှင်းပြတော့ပါဘူး အခုရှင်းပြမှာကတော့ ဖုန်းနဲ့ချိတ်ဆက်တဲ့အချိန် Driver ကို Device Manager ကနေ install လုပ်နည်းဘဲ့ဖြစ်ပါတယ် တခြား Driver တွေကိုလဲအဲနည်းအတိုင်းထည့်သွင်းနိုင်ပါတယ်

ပထမဦးဆုံးကွန်ပျူတာနဲ့ဖုန်းကိုချိတ်ဆက်လိုက်ပါကွန်ပျူတာအောက်နားလေးမှာ အဝိုင်းလေးလည်နေပြီး အဲလိုဖြစ်သွားရင်တော့ Driver မတွေ့လို့ပါ
ပြီးရင် Start ထဲကနေ My Computer ပေါ်မှာ Mouse ကို Right Click ကိုနှိပ်ပြီး အောက်ကပုံအတိုင်း Properties ပေါ်မှာ Mouse ကိုတစ်ချက်နှိပ်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် အဝါရောင်လေးနဲ့ပြထားတဲ့ MT65xx Android Phone ကတော့ လိုနေတဲ့ Driver ပါ အဲ Driver ပေါ်မှာ Mouse ကို Right Click နှိပ်လိုက်ပါ ပေါ်လာတဲ့ဖိုင်ထဲက Update Driver Software ကိုတစ်ချက်နှိပ်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာရင်တော့ Browse ကိုနှိပ်ပြီး Driver သိမ်းထားတဲ့ Floder ကိုရှာပေးလိုက်ပါ ပြီးရင် Next ကိုနှိပ်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာရင်တော့ ပုံမှာအနီရောင်ဝိုင်းထားတဲ့နေရာကိုနှိပ်လိုက်ပါ မပေါ်လာရင်တော့နှိပ်စရာမလိုပါဘူး
အားလုံးပြီးသွားရင် အဝါရောင်လေးပျောက်သွားပြီး အောက်ကပုံအတိုင်းပေါ်လာရင်တော့ Driver install လုပ်လို့ပြီးပါပြီ
တစ်ခါတစ်လေ အဲနေရာမှာမပေါ်ဘဲ တခြားနေရာလဲပေါ်တတ်ပါတယ်
နားမလည်တာရှိရင် ဒီfacebook.com မှာလာရောက်မေးမြန်းနိုင်ပါတယ်
နည်းပညာတွေကျွမ်းကျင်စွာတတ်ကျွမ်းပြီးလုပ်ဆောင်တာအောင်မြင်ကြပါစေ

No comments:
Post a Comment