Monday, September 28, 2015
China Tablet များ firmware ရေးနည်း
NAY Electronic
China Tablet များ firmware ရေးနည်းမသိသေးသူများအတွက် firmware ရေးနည်းလေးပါခင်ဗျာ....
ဆိုင်တော်တော်ပုံမှန်အတွေ့များတဲ့ Tablet အမျိုးအစားတွေကတော့ MoMo , ONDA,China Samsung
Galaxy, တွေပါ အပြင်နောက်ထပ် အမျိုးအစား ပေါင်စုံကို တွေ့နိုင်ပါတယ်။
Tablet တွေမှာ Model အမျိုးအစား တွေကွဲလွဲနေသလို သူတို့ရဲ့ CPU အမျိုးအစားတွေဖြစ်တဲ့
A10,A13,A23 ဆိုပြီးတော့ ကွဲပြားခြားနားသော်လည်း ရေးပုံရေးနည်းကတော့ အကုန်းလုံးနီးပါတူညီနေတက်ပါတယ်။
Tablet Firmware ရေးတော့မယ်ဆို ပထမဆုံး အခက်အခဲကတော့
(၁)ဘယ် Firmware နဲ့ရေးမှာလဲ။
(၂)ကိုယ်ဆီမှာ ရှိတယ်ဆိုရင်တောင် ဘယ်လိုရေးရမလဲ။
(၃)File ကောမှန်ရဲ့လား ဆိုတာလေးတွေကော တွေးမိကြမယ်ထင်ပါတယ်။
Model ရှိပြီးသား Tablet တွေကတော့ အခဲအခဲ မရှိပင်မဲ တစ်ကယ်လို့သာ နာမူနာပြထားတဲ့ tablet
တွေကတော့ china ကလာတဲ့ samsung နာမည်ခံ Tablet တွေဆိုရင်တော့ စဉ်းစားရ ကြပ်မယ်လို့
ထင်ပါတယ်။သိပ်တော့ စိတ်ပူစရာ မရှိပါဘူး။
ပထမဆုံး နောက်အဖုံးကိုခွာလိုက်ပါ။ CPU ရဲ့ မော်ဒယ်ကြည့်မယ်။
Mainboard ရဲ့ မော်ဒယ်ကြည့်ပါမယ်။
စာရေးသူ နမူနာ ပြထားတဲ့ Tablet ရဲ့ CPU ကတော့ A10 ပါ။Main Board Model ကM1190-moden-
v5.0.0 2012.10.11 ဆိုပြီးတော့တွေ့ပါမယ်။။အဲ့ဒါက စာရေးသူရှာပေးရမယ့် firmware ပါ။
Tablet တွေရဲ့ Mainboard Model တွေကို နေရာမျိုးစုံမှာတွေ့နိုင်ပါတယ်။
ကဲမော်ဒယ်သိပြီဆိုရင် စာရေးသူလိုချင်တဲ့ Firmware တွေကို အင်တာနက်ပေါ်မှာ ရှာလို့ရပါပြီ။
များသောအားဖြင့် Tablet Firmware တော်တော်များများကို
www.4shared.com
www.q88.com
တို့မှာရှိပါတယ်။
firmware လဲရပြီဆိုရင်ရေးဖို့ပဲကျန်တော့တယ်။ဘယ်လိုရေးမလဲဆိုတာကို ခေါင်းစားမနေပါနဲ့။
A10,A13,A23 CPU နဲ့ အလုပ်လုပ်တဲ့ Tablet တွေကို Firmware ရေးမယ်ဆို ကိုယ့်ကွန်ပြူတာမှာ
LiveSuit,PhonenixSuite,AML-flash tool ဆိုတဲ့ firmware ရေးတဲ့ Tool တစ်ခုခု ရှိဖို့ လိုအပ်ပါလိမ့်မယ်။
မရှိရင် အောက်ဆုံးမှာ link လေးပေးထားပါတယ်။download ရယူနိုင်ပါတယ်။
ကဲအားလုံပြည့်စုံပြီဆို firmware စရေးလိုက်ရအောင်။ပထမဆုံး ကျွန်တော်ပြပေးမှာက LiveSuite
ကိုအသုံးပြုပြီးပြောမှာပါ။
download link Click Here http://www.4shared.com/file/XKtRL2Huba/Live_Suite.html
(၁) Download လုပ်ထားတဲ့ ဖိုလ်ဒါထဲကနေပြီးတော့ Livesuite.exe ဖိုင်ကိုဖွင့်ပါ။
(၂) ပထမဆုံး wellcome box ကျလာရင် Yes ကိုရွေးပါ။
(၃) please select upgrade mode ဆိုတဲ့ မက်ဆေ့ခ်ျ ဘောက်ကျလာရင် Format ကိုရွေးပေးပါ။
(၄) Format upgrade Mode ဘောက်ကျလာရင် Next ကိုပေးပါ။
(၅)နောက်တစ်ဆင့်က ကိုယ်တင်မယ့် Firmware ကိုရွေးခိုင်းတာဖြစ်လို့ Yes ကို နှိပ်ကို ရွေးပြီး
*.img(တစ်နည်းအားဖြင့် ဒေါင်းလုပ်ဆွဲထားတဲ့ဖိုင်) ကိုရွေးပေးပါ။
(၆)နောက်တစ်ဆင့်ကတော့ Firmware ရေးမယ့် Tablet ကို ကွန်ပြူတာကိုချိတ်ဆက်ခိုင်း
မယ့်အပိုင်းပါ။finish ဆိုတာကို မနှိပ်ပါနဲ့အုံးနော်။
(၇)Volume + ဒါမှမဟုတ် Volume - တစ်ခုခုကို ကွန်ပြူတာမှာချိတ်ပါ။
ကွန်ပြူတာနဲ့ ချိတ်ဆက်ပေးပြီးတာနဲ့ ဖိနှိပ်ထားလိုက်ရင် Tablet ဟာ သူ့အလိုလို Update mode
ထဲရောက်သွားပြီး Firmware ရေးသွားပါလိမ့်မယ်။
(၈)သတိပြုသင့်တာကတော့ LiveSuite နဲ့ရေးတဲ့အခါ ပထဆုံး Tabletအတွက် Driver
တောင်းပါလိမ့်မယ်။ LiveSuite က Potable ဖြစ်တာကြောင့် Driver တောင်ခဲ့မယ်ဆိုရင်
ကိုယ်တိုင်ပြန်တင်ပေးရပါလိမ့်မယ်
ကွန်ပြူတာရဲ့ Device ဖြစ်တာကြောင့် Driverထဲသွားပြီးမသိသေးတဲ့ Device
(အဝါရောင် Exclaamation sing (!)နဲ့ပြနေတဲ့ Device)ပေါ်ကို right click နှိပ်ပြီး
''UPDATE DRIVER Software '' ကိုနှိပ်ပြီး ဒေါင်းလုပ်ဆွဲထားတဲ့ Update tool(LiveSuite)
Folder ကိုညွှန်းပေးလိုက်ရင် သူ့ဘာသာ ကွန်ပြူတာကနေ Driver ကိုတင်ပေးသွားပါလိမ့်မယ်။
Driver တင်ထားပြီးသား ကွန်ပြူတာမှာ ဆိုအရင်ဆုံး ကွန်ပြူတာ Taskbar မှာ ''Installing driver '' ဆိုပြီး
မက်ဆေ့ခ်ျပြပေးပါလိမ့်မယ်။ဘာမှမလုပ်ဘဲ စောင့်နေလိုက်ပါ။
(၉) Driver သိသွားပြီဆို ပထမဆုံး '' Mandatatory Format '' ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။
ဒီနေရာမှာသတိထားရမှာကတော့ ''Yes or NO '' နှစ်ခုမေးပါတယ်။Yes ကိုရွေးမယ်ဆို ကိုယ်ရေးမယ့် 
Tablet ထဲက Data တွေ အကုန်ဖျက်သွားပြီး တင်ပေးသွားမှာပါ။
No ဆိုရင်တော့ အရင် Data အဟောင်းတွေကို မဖျက်ဘဲ Upgrade အနေနဲ့ သာတင်ပေးသွားမှာပါ။အကောင်းဆုံးကတော့ No နဲ့
တင်ပါ။မရမှသာ Yes နဲ့ တင်ပါလို့ အကြံပေးပါရစေ။ တစ်ကယ်လို့ Yes နဲ့သာတင်မယ်ဆို
တစ်ကယ်ဖျက်မှာလား ဆိုတဲ့ မေးခွန်းကို မေးပါလိမ်မယ်။YES ကိုပဲရွေးပေးပါ။
(၁၀)LiveSuite ကနေ Tablet ကို Firmware တင်တာကို အစိမ်းရောင် ဘားတန်းလေးနဲ့
ပြသပေးပါလိမ့်မယ်။ရေးနေတဲ့ အစိမ်းတန်းလေးဆုံးသွားရင် Ok ဆိုတဲ့ Massage box ကျလာပါလိမ့်မယ်။
Ok ကိုနှိပ်ပြီး liveSuite ကိုexit နဲ့ထွက်။ပြီရင် တော့ LiveSuite နဲ့ Firmware တင်ချင်း ပြီးဆုံးပါပြီ။
ဒါဆိုရင်တော့ China Tablet များ firmware ရေးနည်းလေးကိုနားလည်ကြမယ်လိုထင်ပါတယ်....
အဆင်ပြေကြပါစေ၊ကြိုးစားလျက်
Subscribe to:
Post Comments (Atom)




No comments:
Post a Comment