Saturday, August 29, 2015

NOKIA ANDROID OS ဖြစ်တဲ့ NOKIA X,XL,X2,X+ စသည့် ဖုန်းတွေကို အလွယ်တကူ FIRMWARE ပြန်တင်နည်း




ကဲ ....
ဒီတစ်ခါ ဆိုင်သမားတွေ နဲ့ လေ့လာနေတဲ့ ဘော်ဒါတွေ အတွက် အဖိုးတန်တဲ့  Nokia Android Os သုံးဖုန်းတွေကို အလွယ် တကူ ဘာ Box မှ မသုံးဘဲ Offical Firmware ပြန်တင်နည်းကို တင်ပေးလိုက်ပါတယ် အရင်ဆုံးကွန်ပျူတာမှာ Nokia နဲ့ ပတ်သတ်တဲ့ Software Driver တွေ အရင်သွင်းထားလိုက်ပါ ပြီးရင် မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ Firmware ဖိုင်တွေ ဒေါင်းယူလိုက်ပါ..
မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ Firmware ကိုဒေါင်းပြီး
 Zip ဖြည့်လိုက်ပါ ပြီးရင် FlashTools ကိုအောက်မှာ ဆက်ဒေါင်းပါ..
ဒေါင်းလို့ရလာတဲ့ Flashtools Zip ကိုဖြည့်ပြီး အထဲက Nokia X Flasher ဖိုးဒါကိုဖြည့်လိုက်ပြီးဖွင့်ပေးလိုက်ပါ..
 

 
 
ပြီးရင် ဖုန်းကို ဘထရီ ဖြုတ် ပြန်တပ်ပြီး Vol- up + Power တူတူဖိနှိပ်ပြီး ကွန်ပျူတာနဲ့ချိတ်ဆက်ပေးလိုက်ပါ
ဖုန်းက fastboot mode ဖြစ်သွားပြီဆိုရင် စောစောက ဖွင့်ထားတဲ့ Flashtools နေရာမှာ ဖိုင်းဖြည့်ဖို့ အကွက်လေတွေ တက်လာပါမယ်..
 

 
 
ပြီးရင် စောစောက ဒေါင်းထားတဲ့ မိမိဖုန်းနဲ့သက်ဆိုင်တဲ့ firmware ဖိုင်းတွေကို မှန်အောင်ရွေးဖြည့်ပေးလိုက်ပါ...
 

ဖြည့်နည်းက အလွယ်လေးပါ System နေရာမှာနှိပ်ပါ ပြီးရင်စောစောက ဒေါင်းထားတဲ့ Firmware ဖိုဒါထဲက System ဖိုင်လို့ရေထားတဲ့ စာတန်းရှိတဲ့ဖိုင်ကိုရွေးပါ ကျန်တဲ့ဟာတွေလဲ တူတူပါဘဲ အကုန်မှန်အောင်ရွေးဖြည့်ပါ..


ပြီးရင်အောက်နားက Start Flashing နေရာမှာ နှိပ်ပြီး စောင့်နေပါ ၅မိနစ်လောက် ကြာပါတယ် အောက်က အတန်းမှာ အစိမ်းရောင် ပြည့်အောင် စောင့်ပေးလိုက်ပါ အာလုံးပြည့်သွားပြီဆိုရင် ဖုန်းကို Reboot ချပြီးဘထရီ ခဏ ပြန်ထုတ်ပြီး ပြီးရင် ပြန်တက်ပြီး power ဖွင့်ပေးလိုက်ပါ...
 
 စစမှာတော boot တက်ဖို့  5မိနစ်လောက် စောင့်ရမှာပါ ...
 
ကဲ Nokia Android Os ဖုန်းတွေ အလွယ်တကူ Firmware တင်လို့  အောင်မြင်ပါပြီ ကိုယ်တိုင်စမ်းသပ်ထားတာပါ....



 
 
Post By : SmartGhost



No comments:

Post a Comment