တောင်းထားတဲ့လူရှိတဲ့အတွက်တင်ပေးတာလေးပါ Android ဖုန်းတွေမှာမြန်မာစာထည့်ရင်းထိုင်းစာပျောက်သွားတဲ့အခါဒီနည်းအတိုင်းသုံးပြီးပြန်ထည့်လို့ရပါတယ်
ဒီနည်းကိုသုံးပြုဖို့အတွက်ဖုန်းက root လုပ်ထားတဲ့ဖုန်းတစ်လုံးဖြစ်ဖို့တော့လိုပါတယ် လိုအပ်တဲ့ software တွေကိုအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်
Download
အောက်မှာလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့ပြပေးပါမယ် Software ကိုဒေါင်းပြီးရင် ဖိုင်တွေကိုဖြည်ဖို့အတွက်က winarar.apk ကိုဒေါင်းပြီး install လုပ်လိုက်ပါ ပြီးရင်ဒေါင်းထားတဲ့ဖိုင်ကိုဖြည်လိုက်ပါ
password တောင်းရင် www.minminchit.org လို့ထည့်ပေးလိုက်ပါ
ဖြည်လို့ရလာတဲ့ဖိုင်ထဲက iFont.apk ကို install လုပ်လိုက်ပါ ပြီးရင် Root Explorer.apk ကို install လုပ်ပြီး program ကိုဖွင့်လိုက်ပါ
ပြီးတော့ STORAGE ထဲကနေအခုနကဖြေထားတဲ့ဖိုင်ထဲကနေ GS_Thai_111220.ttf ဖိုင်နဲ့ UniMon.ttf ကို Copy ကူးလိုက်ပါ
ပြီးတော့ ROOT ကနေ system ၊ system ထဲကနေ fonts ထဲကိုဝင်ပါ ပြီးတော့ Mount R/W ကို တစ်ချက်နှိပ်ပြီး Mount R/O ပြောင်းလိုက်ပါ အခုနကကူးလာတဲ့GS_Thai_111220.ttf ဖိုင်နဲ့ UniMon.ttf ဖိုင်ကိုကူးထည့်လိုက်ပါ
UniMon.ttf ဖိုင်ကို တစ်ချက်နှိပ်ပြီး iFont software ရောက်သွားရင် Set နှိပ်ပါ ပြီးရင် restart ချသွားပါလိမ့်မယ်မကျရင်ကိုယ်ဟာကိုချပေးလိုက်ပါ
ပြန်တက်လာရင်ထိုင်းစာအဆင်ပြေစွာနဲ့ထည့်လို့ပြီးသွားပါပြီ
အဆင်မပြေတာရှိရင် www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ်






No comments:
Post a Comment