Sunday, December 13, 2015

HUAWEI ဖုန်းကို Firnware တင်နည်း

Huawei တွေမှာ တရားဝင် Firmware တင်နည်း လေးမျိုး ရှိပါတယ် .
Update.app ကို တင်နည်း ၂ မျို . Update.zip ကို တင်နည်း ၂ မျိုး .
Update.app ကို computer နဲ့တင်ဖို...့ Huawei Update Multiloader Tool ဆိုတဲ့ software တစ်ခုလိုပါတယ် . အဲ့ software မှာ ခလုပ် လေးခုပါပါတယ် .
1. Firmware ရွေးဖို့ခလုပ်
2. Configuration xml ရွေးဖို့ခလုပ်
3. Firmware တင်ဖို့ ခလုပ်
4. Cancel ခလုပ်
၁. ခလုပ်က သူ့ရဲ့ သက်ဆိုင်တဲ့ update.app. firmware ကို ရွေးပေးဖို့ပါ .region တူပြီး နောက်ဆုံးထွက် build number ကိုရွေးရပါမယ်.
၂. ခလုပ်က configuration xml ဖိုင်ကိုရွေးဖို့ပါ .
Huawei update multiloader tool folder ထဲမှာ configuration xml ဖိုင် ၄ ခု ပါပါတယ် .
A. Android Phone Multi upgrade .xml
B. Hisilicon K3V2 .xml
C. Qualcomm Android .xml
D. Window mobile xml
မှန်ကန်တဲ့ xml ကို ဘယ်လိုရွေးမလဲ ?
ဖုန်းက Window ဖုန်းဆို D. Window Mobile .xml ကို ရွေးပေးပါ.
ဖုန်းက Hisilicon K3V2 CPU ကို သုံးထားရင် B. Hilisilicon K3V2 .xml ကိုရွေးပေးပါ.
အပေါ်က နှစ်ခု မဟုတ်ခဲ့ရင် ဖုန်းကို up+down+power တွဲနှိပ်ပါ ဒါမှမဟုတ် up+down ကို နှိပ်ထားပြီး ကွန်ပျူတာမှာထိုးပါ . ပုံမှာ ပြထားသလို Pink Screen Download Mode ဒါမှမဟုတ် Recovery ထဲကနေ usb upgrading ဆိုပြီး တစ်ခုမဟုတ်တစ်ခုပေါ်ပါလိမ့်မယ် .
Pink screen Download mode ပေါ်လျှင် D. Qualcomm Android .xml ကိုရွေးရပါမယ် .
Recovery ကနေ usb upgrading ပေါ်လျှင် A. Android Multi upgrade .xml ကိုရွေးရပါမယ် .
COM Port Driver ?
Window , Hisilicon , Qualcomm Android . Xml တွေကို ရွေးခဲ့လျှင် Device Manager ရှိ Port နေရာမှာ DB Adapter Reserved Interface ကို သိရပါမယ်
Android Phone Multiupgrade .xml ကို ရွေးခဲ့လျှင် Device Manager ရှိ Port နေရာတွင် Android Adapter PCUI ကို သိရပါမယ် .
ကျွန်တော့်ရဲ့ Huawei Firmware သင်ရိုးတစ်ပိုင်းတစ်စပါ
စမ်းသပ်ကြည့်ပါ မှန်တယ်ထင်တဲ့အပိုင်းကို ယူသွားပါ နောက်လူတွေကို သင်ပေးပါ 😃 သင်ရိုးဆိုတာ မတိမကျ မဖြစ်ရအောင် သေချာတော့ လေ့လာထားပါတယ်
မှားနေတာရှိရင် သင်ပေးခဲ့ကြပါ လိုအပ်တာရှိသေးရင် ဖြည့်ပေးခဲ့ကြပါ နောက်လူတွေမမှားရအောင် ပိုအဆင်ပြေအောင်လို့ပါ 😄

                                သက်ဆိုင်သူများကို Credit  ပေးပါတယ်..။

No comments:

Post a Comment