Sunday, December 13, 2015

Galaxy J2 SM-J200H TWRP Recovery ထည့်သွင်နည်း


 
Galaxy J2 ဖုန်းကိုင်ဆောာင်ထားကြတဲ့ညီအကိုတွေအတွက်
SM-J200H အမျိုးအစားကို TWRP Recovery ထည့်သွင်နည်းကိုတင်ပေးလိုက်ပါတယ်။

ဗားရှင်းကတော့ Android 5.1.1 ဖြစ်ပါတယ်၊ ဖုန်းကို
Root လုပ်ချင်တာပဲဖြစ်ဖြစ် Custom Rom တင်ပြီးအသုံးပြုချင်တာပဲဖြစ်ဖြစ်
သင့်ဖုန်းမှာ TWRP တော့ထည့်သွင်းထားရမှာဖြစ်ပါတယ်။

လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Download Here TWRP Recovery file

TWRP Recovery ထည့်သွင်းနည်း
===================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

No comments:

Post a Comment